Latest Posts

Image for bug bounty vs penetration testing post

Bug Bounty Hunting vs. Penetration Testing

By Techno Learn August 1, 2025

"Bug Bounty Hunting vs Penetration Testing – ဘာတွေကွာခြားလဲ?"ဆိုတာကို "Techno Learn" ကနေ ဆွေးနွေး ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်ခုလုံးဟာ "Cybersecurity" အထဲမှာပါဝင်တဲ့ နယ်ပယ်တွေဖြစ်ပေမယ့် "လုပ်ဆောင်မှုတွေ၊ ရလာဒ်တွေ၊ ရနိုင်မယ့် အခွင့်အရေးတွေကတော့ "မတူညီမှုတွေ ရှိပါတယ်။

Bug Hunter (Bug Bounty Hunter)

Bug Hunters တွေကတော့ "Self-employed" ဖြစ်ပြီး ကိုယ်တိုင် ပဲ အလုပ်ရှာဖွေရမှာ ဖြစ်ပါတယ်။ Security Vulnerabilities (အားနည်းချက်) တွေ ရှာဖွေပြီး Report တင်ရုံသာဖြစ်ပြီး Company တွေနဲ့ တိုက်ရိုက် စကားပြောစရာ အလုပ်လုပ်စရာ မလို အပ် ပါဘူး။

သို့ပေမယ့် Stable Income (တည်ငြိမ်သော လစာ) မရှိပဲ ကိုယ့်ရဲ့ Skill, Effort နဲ့ပဲ ဆုငွေ (Bounty) ရ နိုင်မှာပါ။ Bug ရှာမတွေ့ရင် တော့ "ပျော်စရာ ဆိုတာ တို့ရဲ့ကမ္ဘာ မှာ မရှိပါ" ဖြစ်သွားမှာပါ။

အားသာချက်ကတော့ Certifications / Degree တွေ မလိုပဲ ကိုယ့်ရဲ့ hacking skill နှင့် experience ကပဲ အရေးကြီးမှာ ဖြစ် ပါတယ်။ Top Bug Hunters တွေက တစ်ခါတည်းနဲ့တင် $10,000+(ဒေါ်လာတစ်သောင်းနဲ့အထက်) ဆုငွေ (Bounty) တွေ ရနိုင်ကြပါတယ်။Bug Bounty Platforms တွေ ဖြစ်တဲ့ (HackerOne, Bugcrowd, Yes we hack ,Facebook Bug Bounty) တွေ ကနေ တဆင့်လည်း Bug hunt နိုင်မှာ ဖြစ်ပါတယ်။

Penetration Tester (Pentester)

Penetration Tester (Pentester) တွေကတော့ Company တစ်ခုမှာ Security Tester အဖြစ် တာဝန်ယူ လုပ်ကိုင်ရသူတွေဖြစ်ပါတယ်။ Ethical Hacker အနေနဲ့ "တရားဝင်" (Security Assessments) လုပ်ဆောင် ကြရပါတယ်။

Stable Salary (တည်ငြိမ်သောလစာ) ရရှိနိုင်ပြီး Security Certificationsတွေဖြစ်တဲ့ (,Security+,Ecppt,OSCP, CEH, GPEN...) တွေလည်း မိမိ Level မြင့်လာတာနဲ့ အတူ ရှိဖို့ လိုအပ်ပါတယ်။ Client & Team Members တွေနဲ့ ဆက်ဆံ ပြောဆိုမှု တွေ အများကြီးလို အပ်ပြီး "Full-time job" ဖြစ်တဲ့ အတွက် " Project Deadline" တွေကို မှီဖို့ Meet တွေလည်း လုပ်ရမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွေ့အကြုံရှိမှသာ Career ပိုမိုတိုးတက်လာနိုင် ပြီး "Security Policies, Compliance, Report Writing" စတာတွေ အားနည်းရင်တော့ အခက်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

Pentester or Bug Hunter ဘယ်အရာက သင့်အတွက်သင့်တော်နိုင်လဲ?

  • Ethical Hacking ကို စိတ်ဝင်စားပြီး Freelancer အနေနဲ့ မိမိ Skill ပေါ်မူတည်ပြီး high risk, high return လုပ်လိုသူတွေက Bug hunting လို လုပ်သင့်ပါတယ်။
  • Security Field ကို "Team work" အနေနဲ့ လုပ်ကိုင်ပြီး Long-term Professional Career အနေနဲ့ယူချင်ရင်တော့ Pentester (Cybersecurity Specialist) တစ်ယောက် အနေနဲ့ အလုပ်လုပ်သင့်ပါတယ်။

🚀 "Cybersecurity နယ်ပယ်ထဲ တကယ်ဝင်ရောက် လေ့လာချင်သူတွေ အတွက် " Computer basic to advance course, Networking, Linux, Ethical hacking & Cybersecurity, Websecurity and Web hacking အစရှိတဲ့ သင်တန်းများကို "Techno Learn" မှာ လည်း သင်ကြားပေးနေတာမို့ Page ထဲ ဝင်ရောက် လေ့လာနိုင်ပါတယ် ခင်ဗျာ။

`