💻Digital နည်းပညာခေတ်ကြီးမှာ ဆိုက်ဘာ တိုက်ခိုက်ခံရမှုကနေ ဘယ်လို လုံခြုံအောင် လုပ်လို့ရနိုင်မလဲ....
ယနေ့ခေတ်မှာ နည်းပညာတွေ အဆက်မပြတ် တိုးတက်လာတာနဲ့ အမျှ အင်တာနက် အသုံးပြုသူများအတွက် "ဒစ်ဂျစ်တယ်"
လုံခြုံရေးဟာလည်း ပိုပြီး အရေးကြီးလာပြီဖြစ်ပါတယ်။ 📌အလုပ်အကိုင်တွေ/ ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့
ဖျော်ဖြေရေးတွေ အတွက်လည်း နည်းပညာကို ပိုပြီးမှီခိုလာရတာကြောင့် ကျွန်တော်တို့ အနေနဲ့ ဆိုက်ဘာလုံခြုံရေးကို
အထူး ဂရုပြုသင့်လာပြီဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ "Techno Learn" ကနေ နည်းပညာ အသုံးပြုသူများအတွက် မရှိမဖြစ်သိထားသင့်တဲ့
အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
1. Use Strong and Unique Passwords
ပထမဆုံး အနေနဲ့ ယခုချိန်ထိ အရိုးရှင်းဆုံးနဲ့ လူသိများလာပြီဖြစ်တဲ့ လုံခြုံရေး နည်းပညာကတော့
ခန့်မှန်းရလွယ်ကူတဲ့ Passwords များထားရှိခြင်းကို ရှောင်ပြီး ပိုမိုခန့်မှန်းရခက်ခဲတဲ့ Password
များကိုရှောင်ရှားသင့်ပါတယ်။ 💥ခန့်မှန်းရလွယ်ကူသော Password များ အနေဖြင့် ဥပမာ - မိမိမွေးနေ့ပါဝင်သော/မိမိ
မိသားစု နာမည်ပါဝင်သော/မိမိ ဖုန်းနံပါတ်/Id card များကိုထားရှိခြင်း/မိမိကြိုက်နှစ်သက်သူများ နာမည်အသုံးပြု၍
Passwords ထားရှိခြင်းဟာလည်း Online ပေါ်က မသမာသူများ အတွက် အလွယ်တကူခန့်မှန်းပြီး မိမိ Accounts များ ကို
ရယူနိုင်ချေရှိပါတယ်။(ဥပမာ - 766799336/Technolearn/password/ Techno766 အစရှိတဲ့ Password များဟာလည်း
ရိုးရှင်းစွာ ခန့်မှန်းနိုင်ပါတယ်။)ထို့အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ ခန့်မှန်းရလွယ်ကူသော ရိုးရှင်းသော
Password များကို ထားရှိခြင်း မဟုတ်ပဲ နံပါတ်များ/စာသားများ/symbols များကို မိမိ မှတ်မိနိုင်ရုံ ပေါင်းစပ်
ထားသင့်ပါတယ်။ (ဥပမာ - T3ch!oL3@rn /H!T2ch!o /T3ch@ch3! ကဲ့သို့ အလွယ်တကူ ခန့်မှန်းရ မလွယ်ကူသော Pass များကို
စဉ်းစားရွေးချယ်သင့်ပါတယ်။
2. Enable Two-Factor Authentication (2FA)
Two-factor authentication ဆိုတာကတော့ နောက်ထပ်ပိုမိုလုံခြုံအောင် ထပ်မံ ကာကွယ်နိုင်တဲ့ နည်းပညာ တစ်ခုပဲ
ဖြစ်ပါတယ်။အပေါ်မှာ ဖော်ပြခဲ့တဲ့ Complex Passwords များကို ခန့်မှန်းနိုင်ခဲ့ပါကလည်း ယခုလို 2 Factor
နည်းပညာနဲ့ပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 2FA(2Factor authentication )ကို အလွယ်တကူ Ios user အနေနဲ့ App Store /
Android user အနေနဲ့ Play Store တို့မှာ google authenticator ကဲ့သို့သော App ကို ဒေါင်းလော့ပြုလုပ်ပြီး
အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ 2 FA အကောင့်နဲ့ ချိတ်ဆက်နည်းများဟာလည်း အင်တာနက်ပေါ်မှာ အလွယ်တကူ
လေ့လာနိုင်နေပြီဖြစ်ပါတယ်။
3. Keep Software Updated
မိမိ အသုံးပြုနေတဲ့ Operation System/Software များ ကို Updatesပြုလုပ်ခြင်းများဟာလည်း
လုံခြုံရေးအားနည်းချက်များကို အထိုက်အလျောက်ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ အနေနဲ့
Software update များကို မဆိုင်းမတွ အမြဲ Update ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် Anti-Virus ကဲ့သို့သော Software
များနဲ့ မိမိ ကွန်ပြူတာ ဖုန်းများကို စစ်ဆေးကြည့်ခြင်းဟာလည်း ဆိုက်ဘာတိုက်ခိုက်မှုကို အထိုက်အလျောက်
ကာကွယ်နိုင်မှာဖြစ်ပါတယ်။
4. Be Wary of Phishing Scams
Phishing ဆိုတာက တနည်းအားဖြင့် Fishing ငါးဖမ်းခြင်းဟူသော စကားလုံးနှင့် ဆင်တူတာကို သတိထားမိမှာပါ။
ငါးဖမ်းခြင်းဟာလည်း ငါးတစ်ကောင်ကို ငါးစာသာ မြင်စေပြီး ငါးမျှားချိတ်ကို သတိမမူစေသကဲ့သို့သော Digital
ခေတ်မှာတော့ cyber attack ပြုလုပ်သူတွေဟာ Phishing နည်းပညာဖြင့် Link များကို Email မှ ပို့၍ တိုက်ခိုက်ခြင်း
/ Social app များအသုံးပြု၍ ဖြန့်ဝေခြင်း များဖြင့် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ Phishing နည်းပညာကို Social
Engineering ကဲ့သို့ လိမ်လည်သော နည်းလမ်းများဖြင့် တွဲဖက် လုပ်ဆောင်လေ့ရှိပါတယ်။ ကျောင်း Scholarship
ရရှိသည်ဟူ၍လည်းကောင်း / မဲပေါက်သည်ဟူ၍လည်းကောင်း ဖုန်းဖြင့်ဆက်သွယ်ခြင်း/ စာပို့ခြင်းပြုလုပ်ပြီး မိမိ မသိသော
Link များနှိပ်ခိုင်းခြင်း / မိမိအချက်အလက်များ တောင်းဆိုခြင်းများကို ပြန်လည်ဖြေကြားခြင်းများကိုလည်း အထူး
ရှောင်ကြဉ်သင့်ပါတယ်။ 💥ပြုလုပ်ရန် လိုအပ်ပါကလည်း အခြားသူများနဲ့ တိုင်ပင်ပြီး အမှန်တကယ် Official company Or
သက်ဆိုင်ရာကျောင်းများရဲ့ Gmail or phone number ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။Email filters များ Anti-Phishing
tools များကို အသုံးပြုခြင်းဟာလည်း ယခုကဲ့သို့ တိုက်ခိုက်မှုများကို ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။
5. Use Secure Wi-Fi Connections
Public Wifi များ "Free" အသုံးပြု၍ရသော Wifi များကိုအလွယ်တကူအသုံးပြုခြင်း (ဥပမာ - Online banking ဖြင့်
Online ပေါ်မှာ Public wifi အသုံးပြု၍စျေးဝယ်ခြင်းကိုလည်းရှောင်ကြဉ်သင့်ပါတယ်။)Public free wifi များကို
အသုံးပြုရန် အရေးတကြီးလိုအပ်ပါကလည်း (Virtual Private Network) VPN ကဲ့သို့သော Software များကို
အသုံးပြုသင့်ပါတယ်။
6. Protect Your Personal Information
Online ပေါ်မှာ မိမိရဲ့အချက်အလက်များကို ချင့်ချိန်ပြီး တင်ခြင်းကို ပြုလုပ်သင့်ပါတယ်။ဥပမာ - Facebook
/Instagram ကဲ့သို့သော Social platform များပေါ်တွင် မွေးနေ့ဆုတောင်းများ တင်ခြင်းမှလည်း မိမိရဲ့ မွေးနေ့ Date
ကို သိရှိနိုင်ခြင်း / ခရီးသွားမည့်အကြောင်းအရာများကြောင့် မိမိ အချက်အလက်များကို ကြိုတင်
သိရှိသွားနိုင်ခြင်းကဲ့သို့သော ဖြစ်စဉ်များ ဖြစ်ပွားနိုင်ပါတယ်။ ထိုကဲ့သို့သော အချက်အလက်များမှ တဆင့် Online
banking security မေးခွန်းများကို ဆိုက်ဘာတိုက်ခိုက်သူများမှ ဖြေဆိုသွားနိုင်ခြင်းကဲ့သို့သော ဖြစ်စဉ်များကို
ဖြစ်ပွားနိုင်ပါတယ်။
7. Back Up Your Data
မိမိ အချက်အလက်များကို Hardisk များ Cloud serviceများ(Google drive/One drive/mega) စသော နေရာများတွင်
ပုံမှန်သိမ်းဆည်းခြင်းအားဖြင့်လည်း အချက်အလက်များ ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပါတယ်။ ဆိုက်ဘာ
တိုက်ခိုက်သူများအနေနဲ့ Ransomware ကဲ့သို့သော တိုက်ခိုက်မှုများ ပြုလုပ်လာပါကလည်း ကြိုတင် Data များ
သိမ်းဆည်းထားနိုင်ခြင်းဖြင့် ပိုက်ဆံ ပေးချေရန်မလိုပဲ Data များ ပြန်လည် ရနိုင်မှာ ဖြစ်ပါတယ်။
8. Use Antivirus and Anti-Malware Software
Antivirus software များ Anti malware software များကို Install ပြုလုပ်ခြင်းအားဖြင့်လည်း
ဆိုက်ဘာတိုက်ခိုက်မှုများကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ Antivirus / Antivirus software တွေ
အလုပ်လုပ်ပုံကတော့ မိမိ စက်ကို ထိခိုက်စေနိုင်သော App များကို သိရှိပါက အသိပေးပြီး ရွေးချယ်
ဖျက်ပစ်ပေးနိုင်မှာဖြစ်ပါတယ်။မိမိတို့အနေနဲ့ ပုံမှန် antivirus software များကို Run ပေးခြင်းဖြင့် စက်ကို
Virus လုံခြုံစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
9. Educate Yourself and Others
ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သတ်ပြီး နေ့စဉ် အသစ်အသစ်သော နည်းပညာများကို သိရှိထားခြင်းကလည်း များစွာ မိမိတို့
အွန်လိုင်း လုံခြုံရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။မိမိ သိရှိသည်များကိုလည်း မိမိ မိသားစုများ သူငယ်ချင်းများကို
မျှဝေပေးခြင်းဖြင့်လည်း ပိုမို လုံခြုံတဲ့ အွန်လိုင်း သုံးစွဲမှုများ ဖြစ်စေမှာ ဖြစ်ပါတယ်။
10. Monitor Your Accounts
ပုံမှန် မိမိရဲ့ bank account အခြေအနေများ Credit cardငွေ လွှဲ ငွေဝင် များကို စစ်ဆေးခြင်းဖြင့် မိမိ
မသုံးဆွဲထားသော ငွေကြေး များတွေ့ရှိသည်နှင့် တပြိုင်နက် မည်သည့် Link များ နှိပ်ခြင်းမပြုလုပ်ပဲ သက်ဆိုင်ရာ
Bank ကို တိုက်ရိုက် တိုင်ကြားခြင်းကလည်း အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
ဆိုက်ဘာ ကာကွယ်ရေးအချက်အလက်များနဲ့ နည်းပညာများကို ပိုမိုသိရှိနိုင်ဖို့ "Techno Learn" Page
ကို စောင့်ကြည့်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
⌨️"Technolearn" မှာ လည်း လက်ရှိအနေနဲ့ Computer A+, Networking, Linux, Cybersecurity, Websecurity စတဲ့
နည်းပညာသင်တန်းများကို သင်ကြားပေးနေလျှက်ရှိတာမို့ မိမိ လေ့လာလိုတဲ့ နည်းပညာလမ်းကြောင်းတွေနဲ့ ပတ်သတ်ပြီး
အခမဲ့ Page messenger မှာ မေးမြန်းနိုင်ပါတယ်။